Friday, December 19, 2014

အပိုင်း (၆)



downlink-mediafire
အပိုင်း (၆)
Autocad ဖြင့်မြေပုံများကို စကေးကိုက်ရေးဆွဲခြင်း အပိုင်း (၆) ကိုဆက်လက်တင်ပေးထားပါတယ်။
ဒီအပိုင်းမှာဆိုရင်ဖြင့် မြေပုံကိုသူနေရာ အမှန်ရောက်အောင်ရွှေ့မယ်၊ ပြီးတော့ စကေးချိန်တဲ့အပိုင်းလည်းပါလာပါတယ် အများအားဖြင့် grid ၁ ကွပ်ကိုသာ စကေးချိန်ကြတာကိုတွေ့ရပါတယ်။ စကေးချိန်နည်းအမျိုးမျိုးရှိပါတယ်၊ လူတစ်ဦးနဲ့တစ်ဦး စကေးချိန်တာလည်း မတူကျပါဘူး။ အခုဖေါ်ပြပေးမှာကတော့ ကျွန်နော်သုံးတဲ့စကေးချိန်နည်းဖြစ်ပါတယ်။ စကေးချိန်ရတာ ခက်တယ်ဆိုပေမယ့်လည်း တကယ်တမ်းအသုံးချတဲ့အခါမှာအရမ်းအသုံးဝင်တာအားလုံးတွေ့မြင်ရမှာဖြစ်ပါတယ်။ မိမိထည့်လိုတဲ့မည်သည်ပွိုင့်ကိုမဆို အနီးစပ်ဆုံးဖြစ်အောင်ထည့်သွင်းပေးနိုင်မှာပါ၊ ဒီနေရာမှာ autocad အပြင် photoshop ကိုပါထည့်သွင်းအသုံးပြုထားပါတယ်။ သို့ပါသောကြောင့် သေသေချာချာလေး လေ့လာကြည့်စေချင်ပါတယ်။ အားလုံးအဆင်ပြေကြပါစေ-----

အပိုင်း (၅)

Autocad ဖြင့် မြေပုံများကို စကေးကိုက်ရေးဆွဲ အပိုင်း (၅)ကို ဆက်လက်တင်ပေးထားပါတယ်။
အပိုင်း(၅) မှာဆိုရင်တော့ အရေးပါတဲ့အပိုင်းဖြစ်ပြီး မြေပုံများကို သူ့နေရာအမှန်ကိုရောက်အောင် ရွှေ့ပေးခြင်းဖြစ်ပါတယ်၊ ဒါမှ မိမိ ကွင်းဆင်းပြီးပါလာတဲ့ GPS Data တွေကို မြေပုံနှင့်တစ်ထပ်ထည်းကျအောင်အလွယ်တကူတင်သွင်းနိုင်မှာဖြစ်သလို မိမိသိလိုသည့်ပွိုင်တွေကိုလည်းအလွယ်တကူ ရယူနိုင်ပါတယ်။ ဒါကြောင့် သေသေချာချာလေးလုပ်ကြည်စေချင်ပါတယ်။ အားလုံးအဆင်ပြေကြပါစေ-------

အပိုင်း(၅)

အပိုင်း (၄) autocad

Autocad ဖြင့်မြေပုံများကို စကေးကိုက်ရေးဆွဲခြင်း အပိုင်း (၄) ကိုဆက်လက်တင်ပြပေးသွားပါမယ်၊ အပိုင်း (၄) မှာ ဆိုရင် မြေပုံမှာပါတဲ့ Co-ordinate point တွေကိုဖတ်ရပါတယ်၊ စကေးကိုက်ရေးဆွဲတဲ့အခါအရေးပါတဲ့ အချက်တစ်ခုဆိုလည်းမမှားပါဘူး၊ ဒါကြောင့် သေသေချာချာလေးအဆင့်တိုင်းကိုလုပ်ကြည့်စေချင်ပါတယ်၊ အားလုံးအဆင်ပြေကြပါစေ-----
downlink-mediafire
အပိုင်း (၄)

Thursday, December 18, 2014

င်္File Saving Autocad Part (3)

Autocad ဖြင့်မြေပုံများကိုစကေးကိုရေးဆွဲခြင်းအပိုင်း (၁) နဲ့ (၂)ကိုတင်ပေးခဲ့ပြီးဖြစ်သလိုအားလုံးဘဲအဆင်ပြေမယ်လို့မျှော်လင့်ပါတယ်။ အဆင်မပြေခဲ့ရင်တော့ကျနော်ညံ့လို့ပေါ့နော်။ အခုအပိုင်း (၃)ကိုဆက်လက်တင်ပေးသွားပါမယ်။ ဆက်လက်ပြီးတော့လေ့လာစေချင်ပါတယ်။ အဆင်မပြေတဲ့အချက်များရှိရင်လည်း comment ပေးပြီးမေးမြန်းဆွေးနွေးစေချင်ပါတယ်။ အပိုင်း (၃) ကတော ဖိုင်းသိမ်းခြင်းဖြစ်ပါတယ်။
autocad ဖိုင်ကိုသိမ်းတဲ့အခါ folder အသစ်တစ်ခုစောက်ပြီးတော့သိမ်းပေးမှပိုအဆင်ပြေပါတယ်။ အချင်းချင်း ဖိုင်တွေပေးတဲ့အခါမှာလည်း dwg ဖိုင်တစ်ခုထည်းပေးလျှင်အဆင်မပြေပါဘူး။ folder လိုက်ပေးလိုက်မှသာအဆင်ပြေမှာပါ။ အဲဒါကြောင့်ဖိုင်သိမ်းခြင်းကိုလည်း အပိုင်းတစ်ခုအနေနဲ့ဖော်ပြပေးလိုက်ပါတယ်။ အားလုံးအဆင်ပြေကျပါစေ------

downlink-mediafire

အပိုင်း (၃)

autocad အပိုင်း (၂)

autocad ဖြင့်မြေပုံများကို စကေးကိုက်ရေးဆွဲခြင်း အပိုင်း (၂) ပါ ဒီအပိုင်းမှာဆို၇င်တော့ မြေပုံကို ROTATE လုပ်ခြင်းကိုထည့်သွင်းရှင်းပြပေးထားပါတယ်။
အားလုံးကိုတဆင့်ခြင်းဆီ ပြုလုပ်ပေးထားတာမို့
အဆင်ပြေလွယ်ကူမယ်လို့မျှော်လင့်ပါတယ်။
autocadပညာရှင်တစ်ယောက်မဟုတ်ပေမယ့်၊ ကိုသိသလောက်လေးကို မသိသေးသောသူများအတွက် ပြန်လည်မျှဝေးပေးခြင်းဖြစ်ပါတယ်။ အားလုံးလွယ်ကူစွာလေ့လာနိုင်ကြပါစေ...

downlink-mediafire
အပိုင်း (၂)
Auto Cad အသုံးပြုပုံ movies file လေးပါ
autocad နဲ့အခြေံပြီး geologist တွေအတွက် အသုံးဝင်မယ်ထင်တဲ့ အပိုင်းလေးတွေကိုသာဖော်ပြပေးထားခြင်းဖြစ်ပါတယ်။
autocad နဲ့ မြေပုံကို ဘယ်လို စကေးချိန်ပြီး စကေးကိုက်ဖြစ်အောင်ဆွဲမလည်းဆိုတာကို တက်သိနားလည်းထားသလောက် ပြုလုပ်ပေးထားခြင်းဖြစ်ပါတယ်။ အားလုံး အပိုင်း ၁၀- ပိုင်းလောက်တော့ရှိပါတယ်။ ဘူမိဗေဒဘာသာရပ်နဲ့အလုပ်လုပ်ကိုင်နေသူများအတွက် အထိုက်အလျောက်အသုံးဝင်မယ်လို့မျှော်လင့်ပါတယ်။ မရှင်းလင်းသည့် အချက်များပါရှိခဲ့ပါက chitmaung9@gmail.com ကို ဆက်သွယ်မေးမြန်းနိုင်ပါတယ်။
downlink. mediafire
အပိုင်း (၁)